Wednesday, July 24, 2013



 ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့ ပုံတွေကိုက သက်သေခံနေပါလိမ့်မယ်
ဒါပေမယ့် .. ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..
သဘောတရားအရ သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..

ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .


ဒီနေရာမှာ email address ကို ကြိုက်တာထည့်ပေးလို့ရပါတယ် .. ကျွန်တော်လုပ်ပြတဲ့ထဲမှာ masteraeiou@gmail.com လို့ ထည့်ပြထားပါတယ် .. (အမှန်အကန် gmail အကောင့်နဲ့ သုံးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ gmail address ထည့်ပေးလို့ရပါတယ် .. ဖုန်း အလကားပြောလို့ ရတာပေါ့)နောက်ပြီး gmail အကောင့်တစ်ခုတည်းနဲ့လည်း နံပါတ်တွေကြိုက်သလောက် ယူလို့ရတာကို တွေ့ရပါတယ် ..

security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)

ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း  Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..

ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..

သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်


အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..


 .. အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..


 ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..

လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်

Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ ..



(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..

အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ  5 မိနစ်လောက်   စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..


အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..


ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..


အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူရင်းဆိုက်------>http://itmotesoeway.blogspot.com/2012/12/gmail-free.html

credit : အိုင်တီမုဆိုး
ကျွန်တော် ဒီ တစ်ခါတော့ သူငယ်ချင်းတွေ ကို လက်ဆောင်ပေးချင်တာလေးကတော့ ကျွန်တော်တို့ ဓာတ်ပုံတွေ သီချင်းတွေ ဗီဒီယိုဖိုင်တွေ တခြားဖိုင်တွေ ကို အားလုံးကို ဘာ Software မှ သုံးစရာမလိုဘဲ Internet ကနေပဲ အခမဲ့ Format ပြောင်းကြရအောင်ဗျာ။အဲ့ဒီ Site လေးက တော်တော်လေးကိုစုံတဲ့ Format မျိုးစုံကို ပြောင်းပေးတဲ့အတွက် တော်တော် အသုံးပြုလို့အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အပေါ်က ပုံလေးအတိုင်းက မိမိ တို့ ပြောင်းချင်တဲ့ Format ကို Go နှိပ်ပြီးတော့သာ စိတ်ကြိုက်ပြောင်းကြပေတော့ပေါ့နော်။
http://www.online-convert.com

Tuesday, July 23, 2013

Blog မှာ စာတွေဖတ်တဲ့အခါ အောက်ကိုရောက်သွားတဲ့အကို အပေါ်ကို mouse နဲ့ဆွဲတင်နေရာတာမျိုး လုပ်စရာမလိုအောင် ကျွန်တော်တို့ up button ကို ထည့်ပေးထားလို့ရပါတယ်။လုပ်နည်း
1. မိမိ Blog မှ Layout ကို click လိုက်ပါ။
2.Page elements က Add a Gadget မှာ အောက်က code တွေကိုထည့်လိုက်ပါ။ မိမိတို့ ကြိုက်နှစ်သက်ရာ ပုံတွေကို ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော် အနီရောင်နဲ့ပြထားတဲ့နေရာမှာ ပြောင်းရမှာဖြစ်ပါတယ်။

<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="အပေါ်သို့ "><img src="http://i32.tinypic.com/2hfnybd.png"/></a>

Friday, July 5, 2013

Picture သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့
အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ
သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ

နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ
ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ
မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့
သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။
ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့
အချက်အလက်တွေကို လုံခြုံတဲ့တနေရာ
မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး
ပြန်ရအောင်ယူပေါ့။
Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့

https://support.google.com/accounts/contact/ara?hl=en&ctx=accounts 
http://support.google.com/accounts/bin/request.py?hl=en&ctx=accounts&contact_       

အပေါ်ကလင့်ကိုနှိပ်လို့မရရင် တော့ copy ယူပြီးတော့ adress bar မှာရိုက်ပြီးသုံးပေါ့

အဆင်ပြေပါစေ.....

PictureGtalk တွင်ကျွန်တော်သူငယ်ချင်းများစာရိုက်တဲ့အချိန်မှာ မြန်မာဖောင့်ပေါ်ပါတယ်။
ဒါပေမယ့် စာကိုရိုက်ထည့်လိုက်တဲ့ အချိန်မှာ G-talk Chat Box ထဲ မြန်မာဖောင့်မပေါ်ပဲ လေးထောင့်အတုံးလေးတေ
ပေါ်နေတာမျိုးပေါ့........ကဲမိမိတို့စက်မှာလဲ အခုလိုမျိုးကြုံလာခဲ့ရင်တော့ အောက်ကနည်းလမ်းလေးတွေ အတိုင်းသာ
လိုက်လုပ်ကြည့်လိုက်ပါ။



1. အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။
Setting Box လေး ကျလာပါလိမ့်မယ်။

2. ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။
Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း ပြောင်းလိုက်ပါ။ ပြီးရင် OK  ကိုနှိပ်လိုက်ပါ။

G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။

3.

ပုံလေးကအတိုင်း Tool ဆိုတာလေး ကလစ်ထပ်လုပ်ပေးပါ။
Internet Explorer 9 ဆိုရင်တော့ Setting ကိုသွားပါ။
ညာဘက်ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။
အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက် ပါ။
Control pannel နေရာက  Internet options ဆိုရင်လည်းတူတူပါပဲခင်ဗျာ။
ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။
ပြီးရင်အအောက်ကပုံမှာ ပြထားသလို Font ကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။

ဒီပုံလေးထဲကအတိုင်းးပေါ့ 

x

အပေါ်ကအဆင့်တွေအတိုင်း လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ G-talk ကို
ပြန်ဖွင့်ပြီးကြည့်လိုက်ပါ။
အရင်အတိုင်း မြန်မာဖောင့်ကို ပြန်ပြောင်းသွားပါလိမ့်မယ်..။
Window 7 တွင် 64 bit နှင့် ဝင်းဒိုးတင်လိုက်သော အခါတွင်လည်း ယခု့ လို
မြန်မာဖေါင့် မပေါ်ခြင်း ပြသနာဖြစ်တတ်ပါတယ်။
အဲဒါကိုတော့ Window 7 64bit loader လေးနဲ ဖြေရှင်းမှ ရပါတယ်....

သူငယ်ချင်းတို့ရေ  မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို  ကိုယ်ရဲ့ အကောင့်ထဲရော  ထပ်တူ  မရောက်စေချင်ဘူးလား။

 (ခြွင်းချက်အနေဖြင့်)...မိမိချစ်သူ၏ password ကိုသိမှ ရမှာပါ.. မိမိချစ်သူ password မသိဘူးဆို၇င်တော့  လုပ်လို့ မရပါဘူး..

password ကိုမလိမ့်တစ်ပတ်နဲ့တောင်းထားလိုက်ပေါ့ဗျာ ဟဲဟဲဟဲ

အရင်ဆုံး  မိမိချစ်သူ gmail ကို ဖွင့်လိုက်ပါ.. settings ကို ၀င်လိုက်ပါ .၀င်ပြီတာနဲ့ forwarding and pop/IMAPဆိုတာ ကို  ကလစ်လိုက်ပါ..add a forwarding address မှာ ကိုယ်ရဲ့ gmail အမည်ကို ရိုက်ထည့်လိုက်ပါ.ရိုက်ထည့်ပြီးတာနဲ့..  0k ကို ကလစ်လိုက်ပါ..မိမိရဲ့ အကောင့် ထည့်ပြီရင်တော့ .မိမိ၇ဲ့ Gmail  ကို  ဖွင့်ကြည့်လိုက်ပါ. အပေါ်ကကျွန်တော် ပြောသလို  add a forwarding address ထိ ရောက်အောင်သွာလိုက်ပါ .add a forwarding address ရဲ့ အောက်နားလေးမှာ မိမိရဲ့ ချစ်သူ အကောင့်အမည် ရှိပါလိမ့်မယ် တွေ့တယ်ဆိုရင်တော့ကိုယ်က လက်ခံမယ်ဆို၇င် save change ဆိုတာလေးကို  ကလစ်ရပါမယ်..လက်မခံဘူးဆို၇င်တော့ add a forwarding addresရဲ့ဘေးမှာ remove address  ဆိုတာကို  ကလစ်လိုက်ရပါမယ်...



သိသူရှိသလို မသိသေးတဲ့ သူများကို  သိအောင်လို့  ရေးပေးလိုက်တာပါ....

 အဆင်ပြေကြပါစေ.........

Window 7 untimate မှာ Zawgyi ရှိပြီး မြန်မာလို Rename ပေးလို့မရတဲ့ သယ်ရင်းတွေအတွက်  မြန်မာလိုပေါ်အောင် လုပ်နည်းလေးတင်ပေးလိုက်ပါတယ် ...... တတ်ပြီးသားသူတွေ ကျတော်ရေးထားတာ လိုတာရှိရင်လဲ ဝေဖန် အကြံပေးနိုင်ပါတယ် .... ၁။Desktop ပေါ်မှာ မောက် R-Click လိုက်ပါ ....ပြီးရင် Personalize ကိုကလစ်လိုကပါ ......... ၂။ပေါ်လာတဲ့အထဲက Window color ကိုကလစ်ပေးလိုက်ပါ...၃။Advance apperance sitting... ကိုနှိပ်ပါ ၄။ "Item" နေရာမှာ "Icon" / "Font" နေရာမှာ "Zaw Gyi-One ကိုရွေးပေးလိုက်ပါ ။ပြီးရင် "OK" ပေါ့ ..ကဲဒါဆိုရင် Folder Rename မှာမြန်မာလိုရေးလိုရပါပြီ ..... အဆင်ပြေမယ်လို့ထင်ပါတယ်... တတ်ပြီးသားဆိုလဲ ၀မ်းသာမိပါတယ်...... အားလုံးကိုကျေးဇူးတင်ပါတယ်...... အားလုံးပျော်ရွှင်ကြပါစေ.......

Subscribe to RSS Feed Follow me on Twitter!