Proxy မှာ HTTP Proxy = 178.18.17.211 ၊ Port = 8080
အရင်ဆုံး Firefox မှာ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address
ကို ဘယ်လို ထည့်ပြီး အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး
မိမိတို့ရဲ့ Firefox ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့
အတိုင်း Firefox Option ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း Firefox Option Box လေး ပေါ်လာပြီ ဆိုရင်တော့ မြားပြထားတဲ့ အတိုင်း အဆင့်ဆင့် Setting ကိုသွားလိုက်ပါ ..
ပြီးရင် ကျွန်တော်တို့က မိမိတို့စိတ်ကြိုက် Proxy Sever ရဲ့ IP Address ကို
ထည့်ပြီး အသုံးပြုချင်တာ ဖြစ်တဲ့ အတွက် Manual proxy configuration
ကိုရွေးလိုက်ပါ .. ပြီးရင် အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုမဲ့ HTTP
Proxy နဲ့ Port ကိုထည့်ပေးလိုက်ပါ ..
အပေါ်က ပုံအတိုင်း ဖြည့်ပြီး သွားပြီ ဆိုရင်တော့ OK ပေးဖို့ မမေ့ပါနဲ့
ဒါမှသာ မိမိတို့ အသုံးပြုမဲ့ Proxy က အလုပ်လုပ်မှာ ဖြစ်ပါတယ် .. ဒါကတော့
Firefox မှာ Proxy Server ရဲ့ IP Address ကိုထည့်ပြီး အသုံးပြုတဲ့
နည်းလမ်းလေးပဲ ဖြစ်ပါတယ် ..
ကျွန်တော် ဆက်ပြီးတော့ Google Chrome မှာ အသုံးပြုချင်သူတွေ အတွက် ဘယ်လို
အသုံးပြုရမယ် ဆိုတာကို ဆက်ပြီး ရေးပေးသွားပါမယ် .. အရင်ဆုံး မိမိတို့ရဲ့
Google Chrome ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း
Option ကိုသွားလိုက်ပါ ..
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့
အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ထည့်ပြီး
အသုံးပြုနိုင်ဖို့ အတွက် Setting ကို သွားလိုက်ပါ .. အောက်မှာ
ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အောက်ကပုံအတိုင်း မိမိတို့ သုံးချင်တဲ့ HTTP Proxy နဲ့ Port ကိုထည့်ပြီး အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင် အားလုံးကို OK ပေးလိုက်ပါ ...
ဒါဆိုရင်တော့ မိမိတို့ ကိုပိတ်ထားတဲ့ ဆိုဒ်တွေကို ဘာ Proxy Software ၊
Proxy Link တွေမှ သုံးစရာမလိုပဲ အလွယ်တကူနဲ့ ကျော်ပြီး ကြည့်လို့ ရသွားမှာ
ဖြစ်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
0 comments:
Post a Comment