Thursday, May 30, 2013

TL-WR941ND အမျိုးအစားရဲ့ IP, Username, Password ကိုအောက်မှာ ပေးထားပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Password:
admin

TL-WR941ND Default Username:
admin 

ဘယ်လိုသုံးရမှာလဲဆိုရင်တော့ ပထမဦးဆုံး IE(internet explorer) ဒါမှမဟုတ် firefox စတဲ့ browser တစ်ခုခု ဖွင့်လိုက်ပါ. firefox browser ရှိလိမ့်မယ်လို့ ယူဆပါတယ်. အဲ့တော့ အဲ့ဒီ့ browser မှာ 192.168.1.1 ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. Username နဲ့ password တောင်းပါလိမ့်မယ်. အပေါ်မှာပေးထားသလို စာလုံးအသေးနဲ့ပဲ username = admin, password = admin ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. အဲ့ဒါဆိုရင်  rounter setting ထဲကို ရောက်သွားပါပြီ. အဲ့ဒီ့အထဲမှာ ၀င်ပြီးတော့ ပြင်ကြည့်လိုက်ပါ. အဲတကယ်လို့ 192.168.1.1 နဲ့လုံးဝ ၀င်မရတော့ဘူး ဆိုရင်တော့ တစ်ယောက်ယောက်က အပေါ်ကပြောထားသလိုမျိုး ၀င်ပြင်ပြီး ပြောင်းသွားပြီလို့ မှတ်လို့ရပါတယ်. ဒါပေမယ့် စိတ်မပူပါနဲ့. rounter ကို Default reset ချလို့ရပါတယ်. rounter ရဲ့နောက်နားမှာ သွားကြားထိုးတံလောက်ရှိတဲ့ အပေါက်လေး ပါပါလိမ့်မယ်. များသောအားဖြင့်တော့ အပေါက်အောက်မှာ DEF လို့ရေးထားတတ်ပါတယ်. ဒါပေမယ့် rounter အမျိုးအစားနဲ့ ရေးသားတဲ့စာသားချင်း မတူညီနိုင်ပေမယ့် အပေါက်ကတော့ အတူတူပါပဲ. အဲ့ဒီ့ အပေါက်ထဲကို အပေါက်နဲ့ဆံ့တဲ့ တုတ်တံတစ်ချောင်းကို 1 မိနစ်လောက် မလွတ်ဘဲနဲ့ ထိုးထားလိုက်ပါ. တစ်မိနစ် ပြည့်သွားတာနဲ့ ပြန်လွှတ်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter ကို ပြောင်းထားတဲ့ rounter ip, username, password အားလုံးက မူရင်းအတိုင်းဖြစ်သွားပါပြီ . မူရင်းအတိုင်းဆိုတာက အပေါ်မှာ ပြထားတဲ့အတိုင်းပါ. အပေါ်က ပေးထားတဲ့အတိုင်း ပြန်ဝင်ရမှာ ဖြစ်ပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Username:
admin 


TL-WR941ND Default Password:
admin

ကဲကျန်တာကတော့ ကိုယ့်ဟာကို ပေးချက်တဲ့ Default IP:, ပေးချင်တဲ့ Default Username နဲ့ ပေးချင်တဲ့ Default Password ကိုသာပေးလိုက်ပါ . ပြီးတာနဲ့ ကိုလွှင့်လိုက်တဲ့ wifi password ကို ကိုပေးချင်တဲ့ password ကိုပေးပြီး save လုပ်လိုက်ပါ......

ညီနေမင်း(နည်းပညာ)
TooL------->options -------->content-------->Default font ( zawgyi-one) ------>Advanced------->serif (zawgyi-one) ------->sans-serif (zawgyi-one)----->monospace (zawgyi-one)--->OK----->OK ဒါဆိုရပါပြီ
အဆင်ပြေပါစေ.........
အရင်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ရဲ့ Address bar မှာ about:config  လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒါလေးကိုကလစ်ပေးလိုက်ပါ။ သူရဲ့ browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီးရှာလိုက်ယုံပါပဲ။ အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီးရင် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။

နောက်ထပ် network.http.proxy.pipelining ကိုထပ်ရှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီးရင် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်ရှာပါ။တွေ့ ပြီဆိုရင် Right Click နှိပ်လိုက်ပါ။ပြီးရင် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။ နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေရာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့ရိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအရင်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ရပါလိမ့်မယ်။ 
အားလုံးအဆင်ပြေပါစေ......
Control Panel ကို Right Click menu မှာ ထည့်ကြည့်မယ်လေ။ မြန်မာလို ရေးပြီးထည့်မယ်ဗျာ ။ ကြည့်လိုက်ပါဦး။

Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ Directory အတိုင်း Shell ကို ရှာပါတယ်။

HKEY_CLASSES_ROOT\Directory\Background\shell
Shell ကို Right-click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။

နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ မသိသေးတဲ့ လူတွေအတွက် ဒီမှာကျနော် ပုံတွေနဲ့တကွ ရေးထားပါတယ်။
ကျနော်ကတော့ “ Control Panel သို့သွားရန် ” ဆိုပြီး ပေးလိုက်ပါတယ်။

 သူ့ကို Right click ထပ်လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ command လို့ နာမည်ပေးပါ။
command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။

rundll32.exe shell32.dll,Control_RunDLL
ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ 
အဆင်ပြေပါစေ။
အခု Auto Run ပိတ်နည်းလေးကိုပြောပြပါမယ် ..
ကဲ .. ကျွန်တော်တို့ သူ့ကို Group Policy ကနေ၀င်ပြင်ပါမယ် ၊      
 Run Box ကနေ gpedit.msc  လို့ရိုက်ထည့်လိုက်ပါ ၊ Local Group Policy Editor ဆိုပြီး ပေါ်လာပါမယ်  
User Configuration အောက်က Administrative Templates ကိုဝင်လိုက်ပါ ၊ ပြီးတော့ Windows Components ကိုထပ် ၀င်လိုက်ပါ ၊အဲဒီမှာ AutoPlay Policies ဆိုတာ ရှိလိမ့်မယ် .. သူ့ကို Click လိုက်ပါ  ပြီးတော့ ညာဖက်ကို ကြည့်လိုက်ပါ ညာဖက်မှာ Turn Off Autoplay ဆိုတာရှိလိမ့်မယ် ၊သူ့ကို Double Click လိုက်ရင် Window တစ်ခုပေါ်လာမယ် .. ၊ အဲဒီမှာ Enabled ကိုရွေးပေးလိုက်ပါ  .. ၊ ဒါဆိုရင်ရပါပြီ ။ ပုံထဲက အတိုင်းပါပဲ ။ အကြီးမြင်ချင်ရင် Click လိုက်ပါ ။သူက DVD Drive တွေ တစ်ခြား Removable media Drives တွေကို Autorun Disable လုပ်ပေးပါလိမ့်မယ် .. သူ့ကို နဂိုအတိုင်းပြန်ထားချင်ရင်တော့ ခုနကအတိုင်းပြန်သွားပြီး Disabled ပြန်လုပ်ပေးလိုက်ရုံပါပဲ .. ၊
Internet Pages Load Faster
web page တွေ loading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။

ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။
 
ကွန်ပျူတာ ရဲ့ Window အတက်မှာ အရမ်း ကြာပါတယ်ဆိုတဲ့ သူငယ်ချင်းတို့ အတွက် ဒီနည်းလေးကလည်း Window အတက် ပိုမို မြန်ဆန်စေဖို့ အတွက် ပြင်ဆင်ရမယ့် နည်းလေး တစ်ခု ဖြစ်မှာပါ..။ မသိသေးသူများ အတွက်ပါ ..။

စမ်းသပ်လုပ်ဆောင်ကြည့်ချင်ရင်ဖြင့်

1 Windows+Pause Break (သို့) My computer ကို right click လုပ်ပြီး properties ကိုနှိပ်ပါ။
2.System Properties ကိုရောက်တဲ့ အခါ ဘယ်ဘက်ခြမ်းက Advanced System Settings ကိုသွားပါ..။

3.ပေါ်လာတဲ့ Window က အောက်ဆုံးက Startup and Recovery အောက်က Setting ကိုသွားပါ..။ 
4. နောက်ဆုံးပြင်ဆင်ခွင့် ရှိတဲ့ နေရာလေးကိုရောက်တဲ့အခါမှာ Time to display list of operating systems ရဲ့ Loading လုပ်ချိန် Second တွေကို စိတ်ကြိုက်ပြောင်းလဲပြင်ဆင်ကြည့်ပီး စမ်းသပ် ကြည့်နိုင်ပါတယ် ...။
အားလုံးအဆင်ပြေကြပါစေ.......

Wednesday, May 29, 2013

ယခင်လမှ အဆက်
မိတ္တူကို ဆိုတဲ့ စာသားကို ရုံးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေမှာ သတိ ပြုမိပါလိမ့်မယ်။

ရုံးစာ တစ်စောင်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာ တစ်ခုဟာသို့ ဆိုပြီး လိပ်မူထားတဲ့ လူပုဂ်္ဂိုလ်နဲ့ အဓိက သက်ဆိုင်ပါတယ်။ မိတ္တူကိုမှာ ပါဝင်တဲ့ သက်ဆိုင်သူ တွေကတော့ အထက်က ဖော်ပြခဲ့တဲ့ ရုံးစာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေရှင်း လုပ်ကိုင်ပေးဖို့ တိုက်ရိုက်မသက် ဆိုင်တတ်ပါဘူး။ လက်နှိပ်စက်၊ လက်ရေးမူ စသဖြင့် ရုံးစာ တစ်စောင် ရေးသားပြီး တစ်နေရာကနေ တစ်နေရာ၊ တစ်ဌာနကနေ တစ်ဌာနကို ရုံးစာတွေ ပေးပို့ကြတဲ့ အခါမှာ အထက်က ဖော်ပြခဲ့တဲ့ အသုံးအနှုန်း၊ လုပ်ထုံး လုပ်နည်းတွေကို အသုံး ပြုခဲ့ကြပါတယ်။

အီးမေးလ်စနစ်တွေ ပေါ်ပေါက်လာတဲ့ အခါမှာ အထက်က ဖော်ပြခဲ့တဲ့ အသုံးအနှုန်း၊ လုပ်ထုံး လုပ်နည်းတွေကို မူလက အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း အသုံးပြုနိုင်အောင် လုပ်ဆောင် ခဲ့ကြပါတယ်။ အီးမေးလ် အသုံးပြုမှု စနစ်များမှာ To (သို့)၊ Carbon Copy (မိတ္တူကို)၊ Blind Carbon Copy  (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)တို့ ပါဝင်ပါတယ်။

To (သို့)
အီးမေးလ်အတွင်းမှာပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက်သက်ဆိုင်သူတွေဆီကို ပေးပို့ တဲ့အခါမှာ To (သို့)ကို အသုံးပြုပါတယ်။ To  ဆိုတဲ့ Box ထဲမှာ အီးမေးလ်တစ်ခုကနေစပြီး လိပ်စာပေါင်းမြောက် မြားစွာကို ထည့်သွင်းပြီး ပေးပို့နိုင်ပါတယ်။

Carbon Copy  (မိတ္တူကို)
အီးမေးလ် အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပေမဲ့ ပါဝင်တဲ့ အကြောင်းအရာဟာ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေရင် သို့မဟုတ် စာပါ အကြောင်းအရာဟာ တစ်စုံ တစ်ရာ သိရှိဖို့ လိုအပ်တဲ့ အခါ Carbon Copy  (မိတ္တူကို)ကို အသုံးပြုပါတယ်။ Carbon Copy  ကို CC လို့ အတိုကောက် ခေါ်ဝေါ်ပါတယ်။

 Blind Carbon Copy   (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)
အီးမေးလ် အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းလည်း မရှိ၊ ပါဝင်တဲ့ အကြောင်းအရာနှင့် တစ်စုံတစ်ရာပတ်သက်မှု မရှိပေမဲ့လည်း စာပါ အကြောင်းအရာကို အထောက် အထား အနေနဲ့ ဖြစ်စေ၊ အသိ ပေးထားလိုလို့ ဖြစ်စေ၊ အခြားသော ဌာနတစ်ခု၊ လူပုဂ်္ဂိုလ်တစ်ဦးက သိရှိထားဖို့ လိုအပ်လို့ဖြစ်စေ ပူးတွဲ ပေးပို့ထားလိုတဲ့ အခါ Blind Carbon Copy   (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)ကို အသုံးပြုပါတယ်။ Blind Carbon Copy   ကို BCC လို့ အတိုကောက် ခေါ်ဝေါ်ပါတယ်။

To, CC  တို့အနေနဲ့ ပေးပို့ထားတဲ့ အီးမေးလ်တွေကို To အဖြစ် လက်ခံ ရရှိသူရော၊ CC  အဖြစ် လက်ခံ ရရှိထားသူရော မြင်တွေ့နိုင်ပါတယ်။ To, CC တို့အနေနဲ့ အီးမေးလ် လက်ခံ ရရှိသူတွေ အားလုံးဟာ မည်သူက To အနေနဲ့ လက်ခံ ရရှိတယ်၊ မည်သူက CC အနေနဲ့ လက်ခံ ရရှိတယ် ဆိုတာကို အားလုံးက သိရှိ နေပါတယ်။

BCC  အနေနဲ့ အီးမေးလ်ကို လက်ခံရရှိသူဟာ To, CC နဲ့ ပေးပို့သူကိုလည်း သိရှိနေနိုင်ပါတယ်။ To,CC ဖြစ်နဲ့ အီးမေးလ်ကို လက်ခံရရှိခဲ့သူတွေဟာ မည်သူ့ထံသို့ BCC  အဖြစ် ပေးပို့ထားကြောင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

Replying to E-mails  (အီးမေးလ်ပြန်ခြင်း)
အီးမေးလ်တစ်ခုကို ဖတ်ရှုပြီးတဲ့ သက်ဆိုင်ရာအကြောင်းအရာ တစ်စုံတစ်ရာအတွက် အီးမေးလ်ပြန်ဖို့ လိုအပ်ပါလိမ့်မယ်။ အီးမေးလ်တစ်စောင် ပြန်ဖို့အတွက် အီးမေးလ်အသစ်တစ်စောင် ထပ်မံရေးသားဖို့ မလိုအပ်ပါဘူး။ စာဖတ်သူထံကို ၀င်ရောက်လာတဲ့ အီးမေးလ်ကနေတစ်ဆင့် အီးမေးလ်ပြန်နိုင်ပါတယ်။ အခုလို ပြန်နိုင်ဖို့အတွက် အီးမေးလ် တစ်ခုရဲ့ အောက်ခြေမှာ ရှိတဲ့ Reply  ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ အခုလို နှိပ်ပေးလိုက်တဲ့ အခါမှာ စာဖတ်သူ အနေနဲ့ အီးမေးလ်ပြန်ဖို့ လိုအပ်မယ့် အနေအထားတစ်ခု အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။

အီးမေးလ်ပြန်တဲ့ အခါ သက်ဆိုင်ရာ အီးမေးလ် လိပ်စာစာရင်းထဲမှာ ပါဝင်နေတဲ့ သူတွေ အားလုံးကို ပြန်မလား၊ မိမိနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေဆီကိုပဲ ရွေးချယ် ပေးပို့မလားဆိုတာကိုလည်း ရွေးချယ် နိုင်မှာ ဖြစ်ပါတယ်။
စာဖတ်သူ အနေနဲ့ ပြန်လိုက်တဲ့ အီးမေးလ်မှာ Subject (အကြောင်းအရာ) ဟာ ပြောင်းလဲခြင်းမရှိဘဲ မူလ ပေးပို့သူ ဖော်ပြထားတဲ့ အကြောင်းအရာအဖြစ်သာ ပြန်လည်ပေးပို့ပါတယ်။ စာဖတ်သူအနေနဲ့ မိမိပြန်လိုက်တဲ့ အီးမေးလ်ရဲ့ အကြောင်းအရာကို ပြုပြင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ အခုလို လိုအပ်ခဲ့မယ်ဆိုရင် Edit Subject   ကို ကလစ်နှိပ်ပြီး ပြုပြင်နိုင်ပါတယ်။
Subscribe to RSS Feed Follow me on Twitter!