ယခင်လမှ အဆက်
မိတ္တူကို ဆိုတဲ့ စာသားကို ရုံးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေမှာ သတိ ပြုမိပါလိမ့်မယ်။
ရုံးစာ တစ်စောင်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာ တစ်ခုဟာသို့ ဆိုပြီး လိပ်မူထားတဲ့ လူပုဂ်္ဂိုလ်နဲ့ အဓိက သက်ဆိုင်ပါတယ်။ မိတ္တူကိုမှာ ပါဝင်တဲ့ သက်ဆိုင်သူ တွေကတော့ အထက်က ဖော်ပြခဲ့တဲ့ ရုံးစာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေရှင်း လုပ်ကိုင်ပေးဖို့ တိုက်ရိုက်မသက် ဆိုင်တတ်ပါဘူး။ လက်နှိပ်စက်၊ လက်ရေးမူ စသဖြင့် ရုံးစာ တစ်စောင် ရေးသားပြီး တစ်နေရာကနေ တစ်နေရာ၊ တစ်ဌာနကနေ တစ်ဌာနကို ရုံးစာတွေ ပေးပို့ကြတဲ့ အခါမှာ အထက်က ဖော်ပြခဲ့တဲ့ အသုံးအနှုန်း၊ လုပ်ထုံး လုပ်နည်းတွေကို အသုံး ပြုခဲ့ကြပါတယ်။
အီးမေးလ်စနစ်တွေ ပေါ်ပေါက်လာတဲ့ အခါမှာ အထက်က ဖော်ပြခဲ့တဲ့ အသုံးအနှုန်း၊ လုပ်ထုံး လုပ်နည်းတွေကို မူလက အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း အသုံးပြုနိုင်အောင် လုပ်ဆောင် ခဲ့ကြပါတယ်။ အီးမေးလ် အသုံးပြုမှု စနစ်များမှာ To (သို့)၊ Carbon Copy (မိတ္တူကို)၊ Blind Carbon Copy (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)တို့ ပါဝင်ပါတယ်။
To (သို့)
အီးမေးလ်အတွင်းမှာပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက်သက်ဆိုင်သူတွေဆီကို ပေးပို့ တဲ့အခါမှာ To (သို့)ကို အသုံးပြုပါတယ်။ To ဆိုတဲ့ Box ထဲမှာ အီးမေးလ်တစ်ခုကနေစပြီး လိပ်စာပေါင်းမြောက် မြားစွာကို ထည့်သွင်းပြီး ပေးပို့နိုင်ပါတယ်။
Carbon Copy (မိတ္တူကို)
အီးမေးလ် အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပေမဲ့ ပါဝင်တဲ့ အကြောင်းအရာဟာ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေရင် သို့မဟုတ် စာပါ အကြောင်းအရာဟာ တစ်စုံ တစ်ရာ သိရှိဖို့ လိုအပ်တဲ့ အခါ Carbon Copy (မိတ္တူကို)ကို အသုံးပြုပါတယ်။ Carbon Copy ကို CC လို့ အတိုကောက် ခေါ်ဝေါ်ပါတယ်။
Blind Carbon Copy (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)
အီးမေးလ် အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းလည်း မရှိ၊ ပါဝင်တဲ့ အကြောင်းအရာနှင့် တစ်စုံတစ်ရာပတ်သက်မှု မရှိပေမဲ့လည်း စာပါ အကြောင်းအရာကို အထောက် အထား အနေနဲ့ ဖြစ်စေ၊ အသိ ပေးထားလိုလို့ ဖြစ်စေ၊ အခြားသော ဌာနတစ်ခု၊ လူပုဂ်္ဂိုလ်တစ်ဦးက သိရှိထားဖို့ လိုအပ်လို့ဖြစ်စေ ပူးတွဲ ပေးပို့ထားလိုတဲ့ အခါ Blind Carbon Copy (လိုအပ်၍ ပေးပို့ထားသော မိတ္တူ)ကို အသုံးပြုပါတယ်။ Blind Carbon Copy ကို BCC လို့ အတိုကောက် ခေါ်ဝေါ်ပါတယ်။
To, CC တို့အနေနဲ့ ပေးပို့ထားတဲ့ အီးမေးလ်တွေကို To အဖြစ် လက်ခံ ရရှိသူရော၊ CC အဖြစ် လက်ခံ ရရှိထားသူရော မြင်တွေ့နိုင်ပါတယ်။ To, CC တို့အနေနဲ့ အီးမေးလ် လက်ခံ ရရှိသူတွေ အားလုံးဟာ မည်သူက To အနေနဲ့ လက်ခံ ရရှိတယ်၊ မည်သူက CC အနေနဲ့ လက်ခံ ရရှိတယ် ဆိုတာကို အားလုံးက သိရှိ နေပါတယ်။
BCC အနေနဲ့ အီးမေးလ်ကို လက်ခံရရှိသူဟာ To, CC နဲ့ ပေးပို့သူကိုလည်း သိရှိနေနိုင်ပါတယ်။ To,CC ဖြစ်နဲ့ အီးမေးလ်ကို လက်ခံရရှိခဲ့သူတွေဟာ မည်သူ့ထံသို့ BCC အဖြစ် ပေးပို့ထားကြောင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

Replying to E-mails (အီးမေးလ်ပြန်ခြင်း)
အီးမေးလ်တစ်ခုကို ဖတ်ရှုပြီးတဲ့ သက်ဆိုင်ရာအကြောင်းအရာ တစ်စုံတစ်ရာအတွက် အီးမေးလ်ပြန်ဖို့ လိုအပ်ပါလိမ့်မယ်။ အီးမေးလ်တစ်စောင် ပြန်ဖို့အတွက် အီးမေးလ်အသစ်တစ်စောင် ထပ်မံရေးသားဖို့ မလိုအပ်ပါဘူး။ စာဖတ်သူထံကို ၀င်ရောက်လာတဲ့ အီးမေးလ်ကနေတစ်ဆင့် အီးမေးလ်ပြန်နိုင်ပါတယ်။ အခုလို ပြန်နိုင်ဖို့အတွက် အီးမေးလ် တစ်ခုရဲ့ အောက်ခြေမှာ ရှိတဲ့ Reply ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ အခုလို နှိပ်ပေးလိုက်တဲ့ အခါမှာ စာဖတ်သူ အနေနဲ့ အီးမေးလ်ပြန်ဖို့ လိုအပ်မယ့် အနေအထားတစ်ခု အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။
အီးမေးလ်ပြန်တဲ့ အခါ သက်ဆိုင်ရာ အီးမေးလ် လိပ်စာစာရင်းထဲမှာ ပါဝင်နေတဲ့ သူတွေ အားလုံးကို ပြန်မလား၊ မိမိနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေဆီကိုပဲ ရွေးချယ် ပေးပို့မလားဆိုတာကိုလည်း ရွေးချယ် နိုင်မှာ ဖြစ်ပါတယ်။
စာဖတ်သူ အနေနဲ့ ပြန်လိုက်တဲ့ အီးမေးလ်မှာ Subject (အကြောင်းအရာ) ဟာ
ပြောင်းလဲခြင်းမရှိဘဲ မူလ ပေးပို့သူ ဖော်ပြထားတဲ့ အကြောင်းအရာအဖြစ်သာ
ပြန်လည်ပေးပို့ပါတယ်။ စာဖတ်သူအနေနဲ့ မိမိပြန်လိုက်တဲ့ အီးမေးလ်ရဲ့
အကြောင်းအရာကို ပြုပြင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ အခုလို
လိုအပ်ခဲ့မယ်ဆိုရင် Edit Subject ကို ကလစ်နှိပ်ပြီး ပြုပြင်နိုင်ပါတယ်။
အီးမေးလ်တစ်ခုကို ဖတ်ရှုပြီးတဲ့ သက်ဆိုင်ရာအကြောင်းအရာ တစ်စုံတစ်ရာအတွက် အီးမေးလ်ပြန်ဖို့ လိုအပ်ပါလိမ့်မယ်။ အီးမေးလ်တစ်စောင် ပြန်ဖို့အတွက် အီးမေးလ်အသစ်တစ်စောင် ထပ်မံရေးသားဖို့ မလိုအပ်ပါဘူး။ စာဖတ်သူထံကို ၀င်ရောက်လာတဲ့ အီးမေးလ်ကနေတစ်ဆင့် အီးမေးလ်ပြန်နိုင်ပါတယ်။ အခုလို ပြန်နိုင်ဖို့အတွက် အီးမေးလ် တစ်ခုရဲ့ အောက်ခြေမှာ ရှိတဲ့ Reply ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ အခုလို နှိပ်ပေးလိုက်တဲ့ အခါမှာ စာဖတ်သူ အနေနဲ့ အီးမေးလ်ပြန်ဖို့ လိုအပ်မယ့် အနေအထားတစ်ခု အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။
အီးမေးလ်ပြန်တဲ့ အခါ သက်ဆိုင်ရာ အီးမေးလ် လိပ်စာစာရင်းထဲမှာ ပါဝင်နေတဲ့ သူတွေ အားလုံးကို ပြန်မလား၊ မိမိနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေဆီကိုပဲ ရွေးချယ် ပေးပို့မလားဆိုတာကိုလည်း ရွေးချယ် နိုင်မှာ ဖြစ်ပါတယ်။
0 comments:
Post a Comment